Pages

Monday, September 30, 2013

2015

ကျွန်တော်တို့ နိုင်ငံတော်ကြီး ကမ္ဘာ့အလည်မှာ ဂုဏ်သရေရှိရှိ သိက္ခါရှိရှိ ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ဖို့ ကျွန်တော်တို့နိုင်ငံသားအားအုံးမှာ တာဝန်ရှိပါတယ်။ ဒီအချက်ကို တစ်ဦးချင်း တစ်ယောက်ချင်းစီ အားလုံသိထားဖို့လိုပါတယ်၊ သိထားတဲ့အတိုင်း ငါတို့နိုင်ငံတော်အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ မိမိအသိတရားနဲ့ လုပ်ပေးနိုင်တာကို လုပ်ပေးစေချင်ပါတယ်။ ပေါ့ပေါ့စစနေလို့မရတော့ပါဘူး၊ သတိတရား အရှိတရားနဲ့ ယှဉ်ပြီး အရာရာကို ထည့်စဉ်းစား ဆင်ခြင်ချင့်ချိန်ပြီး လုပ်သင့်တာကို လုပ်စေချင်ပါတယ်။
လာမည့် ၂၀၁၅ခုနှစ်မှာ ရွေးကောက်ပွဲ ပြန်လည်စတင်ပါတော့မယ်၊ အဲဒီအချိန်ရောက်ရင် ငါတို့ ဘယ်သူ့ကိုမဲပေးမလဲ၊ ဘယ်သူတွေက ငါတို့နိုင်ငံအတွက် ပြည်သူတွေအတွက် ဘယ်လောက်အကျိုးပြုနေသလဲ ဘာတွေလုပ်ပေးနိုင်သလဲ၊ အပြောနဲ့ အလုပ် လက်တွေ့ကျကျ ဆန်းစစ်ဖို့လိုပါတယ်။ ယ္ခုကတည်းကစပြီး စီစစ်ေ၇ွးချယ်ထားကာမှ တော်ကာကျပါလိမ့်မယ်၊ မဲပေးတဲ့အခါကျမှ ဘယ်သူ့ကိုမဲပေးရမှန်းမသိဘဲ တွေ့တဲ့သူကို လက်တန်းထိုးပေးလို့ မဖြစ်ပါဘူး၊ ကိုယ်မဲပေးလိုက်တဲ့ပုဂ္ဂိုလ်က နိုင်ငံနှင်ပြည်သူတွေရဲ့အကျိုးစီးပွါး အမှန်တစ်ကယ် ဖော်ဆောင်ပေးနိုင်တဲ့သူဖြစ်ဖို့လိုပါတယ်၊ အဲဒီလိုမှမဟုတ်ပဲ ကိုယ်ပေးလိုက်တဲ့ ပုဂ္ဂိုလ်က အပြောကောင်းပြီးလက်တွေ့မကျတဲ့သူဖြစ်နေရင် ကျွန်တော်တို့ ပြည်သူတွေပဲ ဒုက္ခရောက်ကြရမှာ၊ကျွန်တော်တို့ပြည်သူတွေဟာ လွတ်လပ်ရေးမရခင်ကာလကလည်းကာလအလျောက် လွတ်လပ်ေ၇းရပီးကာလကလဲ ရပီးတဲ့အလျောက် ဒုက္ခတွေနဲ့ရင်ဆိုင်ခဲ့ရတယ်၊ ဒူးနဲ့မျက်ရည်သုတ်ခဲ့ရတယ်၊ ပြည်သူတွေထိတ်ထိတ်လန့်လန့်နဲ့ဖြစ်ခဲ့ရတယ်၊ ဒီလိုပဲ နိုင်ငံတော်ဟာသူတစ်ပါးနိုင်ငံတွေထက် နောက်ကောက်ကျခဲ့ရတယ်၊ အဖက်ဖက်မှာ ဆုံးရှုံးမှုတွေအများကြီးရှိခဲ့တယ်၊ ဒီလိုအခြေနေမျိုးပြန်မရောက်စေချင်ဘူး....ပြန်မရောက်ဖို့လဲ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။
ယ္ခုအချိန်သည် ကျွန်တော်တို့ပြည်သူတွေအတွက် ကိုယ့်ကျမ္မာရေး ကိုယ်ဖန်တီးဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်၊ ဒါကြောင့်မို့အားလုံးပေါ့ပေါ့မနေပဲ အရာရာကိုရှုထောင့်အမျိုးကနေလေ့လာစမ်းစစ်ပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ကြပါလို့လို့ တိုက်တွန်းလိုက်ရပါတယ်။

Tuesday, September 24, 2013

ဆုံဆည်းခွဲခွါ ပန်းတိုင်းဆီသို့...

ဘ၀ရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို ရှာဖွေနေတဲ့ သူတွေအတွက်တော့ အချစ်ဟာ ဒုတိယအတန်းအစားမှာပဲ ရှိနေပါလိမ့်မယ်၊ လူတစ်ယောက်ဟာ တစ်သက်တာမှာ တစ်ခါလောက်တော့
ချစ်ခဲ့ဘူးကြမှာပါ၊ အချစ်ဆိုတာကြီးကို ရှေ့တန်းတင်တဲ့သူတွေ ရှိကြသလို အချစ်ကို ရှေ့တန်းမတင်ထားပဲ မိမိရဲ့ အောင်မြင်မှုကို ရှေ့တန်းမှာထားတဲ့သူတွေလဲ ရှိနေမှာပါ၊ ချစ်လျက်နဲ့ ခွဲခွါရတဲ့
ဒုက္ခဟာ ခံစားရတဲ့ ဝေဒနာတွေထဲမှာ အခက်ခဲဆုံးဝေဒနာတစ်ခုပါပဲ............

ဆုံဆည်းခွဲခွါ ပန်းတိုင်းဆီသို့...
   
    ကိုယ့်ရဲ့သစ္စာ သူ့ရဲ့သစ္စာ
    သစ္စာထပ်၍ ဆုံဆည်းခဲ့ရာ
    နှစ်လတာတည်း ပေါင်းသင်းခဲ့ရ။
နှစ်ဦးဘ၀ ရည်မှန်းချက်ဖြင့်
ခွဲခွါခဲ့တာ ရှစ်လကြာခဲ့
ရှစ်လကြာကို ခွဲစိတ်ကြည့်သော်
ရက်ပေါင်းနှစ်ရာ ကျော်ခဲ့လေပြီ။
    ထိုသို့ခွဲခွါ ရက်ရှည်လမှာ
    သူလည်းလွမ်းမှာ ကိုယ်လည်းလွမ်းမှာ
    မလွဲဧကန် အမှန်ပါပဲ။
လွမ်းစိတ်လွမ်းဝေ လွမ်းပန်းတွေဝေလဲ
လွမ်းသူနှစ်ဦး ခွဲခွါရဆဲ။
    ဘ၀ပန်းတိုင် မရောက်မချင်း
    ဆက်ရှောက်ရမှာ တို့နှစ်ဦးသာ
    ဒါကိုတွေးဆ ဥာဏ်နှစ်ယှဉ်၍
    လွမ်းစိတ်ဖယ်ရှား အားမာန်များဖြင့်
    ဘ၀ပန်းတိုင်ဆီသို့
    ဆက်လျောက်ရအောင်
    ကိုယ်တို့နှစ်ဦး ။
အရှင်ဘုရား
တပည့်တော်တို့ ဇနီးမောင်နှံ
နှစ်ဦးဘ၀ သာယာလှပရပါစေသား။။။။

ဒီကဗျာကို ကျွန်တော်ရေးဖြစ်ခဲ့တဲ့အချိန်ဟာ ကျွန်တော့်ဇနီးနဲ့ ကျွန်တော် ရည်ရွယ်ချက်ကိုယ်စီဖြင့် အောင်မြင်မှုပန်းတိုင်ကို ရှာကြံနေခဲ့တဲ့ အချိန်ပေါ့။
ဒီအချိန်မှာ သူ့ကို အရမ်းလွမ်းတယ်၊ ရင်ထဲမှာ ဖြေသိမ့်လို့မရအောင် လွမ်းတယ်၊ ကျွန်တော်လွမ်းတဲ့ အကြောင်း ဒီစာကိုရေးရင်း.........ခွဲခွါရတဲ့အကြောင်း အရင်းခံကာ
ဒီကဗျာလေးကို စပ်ဖြစ်ခဲ့တာပါ။
ကျွန်တော့်လိုပဲ ချစ်လျက်နဲ့ ခွဲခွါနေရတဲ့သူတွေအတွက် မျှဝေခံစားရင်း................

Sunday, September 22, 2013

ပျူငှာစွာဖြင့်

တောအထပ်ထပ် တောင်အသွယ်သွယ်
ကျော်ကာဖြတ်၍ သွားရာလမ်းဝယ်
ပန်းမျိုးစုံစွာ ပွင့်လန်းလို့နေ.........
ရနံ့သင်းကြိုင် ပန်းရနံ့များ
မွှေးထုံမပျယ် သဲထိစွဲကျန်........
စမ်းရေစီးသံ သံဇဉ်တွေးသွား
ထင်မှားမိသည်......။

စိတ်မှာကြည်လင် နှလုံးရွှင်ပြ
ရှုလို့မဆုံး တောင်တန်းအလှ
ထင်းရှုးပင်များ စီကာသီကာ
ပေါက်လို့နေသည် မောရှမ်းပြည်.......။

ပြုံးရွှင်ပြပြ နှလုံးလှလှ
ရိုးသားကြသည် ရှမ်းပြည်တခွင်
ရိုးသားကြိုးစား လုပ်အားများဖြင့်
လှူကြည်သည်မှာ အတုယူစရာ..........။

အိုးစည် ဗုံ မောင်း  တနောင်နောင်နှင့်
မောင်မယ်ယှဉ်တွဲ မီးပုံပွဲတွင်
ရပ်ဝေးရပ်နီး ရွှေဧည့်သည်များ
တူကာနွဲစို့ ရိုးရာပွဲများ............။

တစ်ခါတစ်ခေါက် လာရောက်စေချင်
ပျုငှာလိုက်လှဲ ကြိုဆိုနေမှာ
စဉ်သာအမြဲ..............................။

Thursday, September 19, 2013

ကျွန်တော်တို့ မြန်မာဘောလုံး

    ကျွန်တော်ဟာ မြန်မာဘောလုံးအသင်းကို အရူးအမူးချစ်ခင်မြတ်နိုးတဲ့သူပါ၊
 မြန်မာဘောလုံးအသင်းဆိုရင် ဘယ်လိုအသင်းပဲဖြစ်ဖြစ် အသင်းတိုင်းကို အမြဲအားပေးပါတယ်၊
 မြန်မာအသင်းကန်နေပြီဆိုရင် နိုင်လား-ရှုံးလား အမြဲသိချင်တယ်၊ တီဗွီကနေ ကြည့်ဖြစ်ရင်ကြည့်၊ မကြည့်ဖြစ်ရင်လည်း အသင်းစာတွေ ဂျာနယ်တွေ မရမကရှာကြံပြီး ဖတ်ဖြစ်တယ်၊
မြန်မာအသင်း ကန်တဲ့ပွဲဆိုရင် တီဗွီကနေလွှင့်တဲ့ ပွဲဆိုရင် ကြည့်ဖြစ်တာများပါတယ်၊ မကြည့်ရရင်လဲ မနေနိုင်ဘူး၊ အလုပ်မအားလပ်တဲ့ကြားထဲကနေ ကြည့်ဖြစ်အောင်ကြည့်တယ်၊
 မြန်မာအသင်းနိုင်ပြီးဆိုရင်အရမ်းပျော်တယ်၊ မြန်မာအသင်းရဲ့ ခြေစွမ်းတွေကိုလဲ ဘော်ဒါတွေကို
 ပြောပြဖြစ်တယ်၊ ရှုံးရင်လဲ အခံစားနိုင်ပြန်ဘူးဗျာ၊ မစားနိုင်-မအိပ်နိုင်တဲ့ ပျော်ရွှင်မှုဆိုတာ လုံးဝ
မရှိဘူး၊ ရင်ထဲမှာ ဖြေသိမ့်လို့မရနိုင်လောက်အောင် ခံစားရတယ်၊ အရှုံးဒဏ်ကို မခံစားနိုင်လို့ မကြည့်ဘူးဆိုရင်လဲ မနေနိုင်ပြန်ဘူး၊ ကြည့်ချင်သေးတယ်၊ ဒါတွေအားလုံးဟာ အမျိုးကိုချစ်တဲ့ မျိုးချစ်
စိတ်ကြောင့်လို့ ကွန်တော်ထင်ပါတယ်၊ ကျွန်တော်လိုပဲ မြန်မာအသင်းကို ချစ်တဲ့ ပရိသတ်တွေအမြောက်အများ ရှိနေလိမ့်မယ်၊
    မြန်မာအသင်းဟာ ပြိုင်ပွဲကြီတွေမှာဆို အမြဲရှုံးတယ်၊ အထူးသဖြင့် လက်ရွေးစင်အသင်းကြီးက ပိုဆိုးတယ်၊ ပရိသတ်တွေဟာ အရှုံတွေနဲ့ပဲ ရင်ဆိုင်ရတာများလာတော့ခံနိုင်ရည်မရှိတော့
့ဘူး၊ဒါကြောင့် အချို့တွေဟာ မြန်မာအသင်းကန်တဲ့ပွဲတွေဆိုရင် မကြည့်ပဲနေကြတော့တာ၊ သူတွေတွေက မြန်မာအသင်းကို အားမပေးချင်လို့မဟုတ်ဘူး၊ အရှုံးဒဏ်ကိုမခံစားနိုင်လို့ မကြည့်တော့
တာ၊ ဒါပေမဲ့ မြန်မာအသင်းကို စိတ်ထဲကနေ အားပေးနေမယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။
    ကျွန်တော်တို့လို့ ပရိသတ်တွေရဲ့ခံစားချက်တွေကို မြန်မာလက်ရွေးစင်အသင်းအနေနဲ့ ဘယ်တော့များမှ ဖြည့်စည်းပေးနိုင်မလဲမသိဘူးဗျာ၊ ဒီအတိုင်းပဲ ဆက်သွားတော့မှာလား?၊
မကြိုးစားတော့ဘူးလား?၊ ကြိုးစားနေတယ်၊ မြန်မာဘောလုံးအဆင့်အတန်းမြင့်မားဖို့ လုပ်နေတာ မင်းတို့အမြင်ပဲလို့ တာဝန်ရှိသူတွေက ပြောနေပေမဲ့လည်း လက်တွေကြကြမှာ ဘာမှသက်သေပြ
မနိုင်ဘူး၊ အရာလဲမထင်ဘူး။
    အခြားတိုင်းတပါးနိုင်ငံတွေမှာ ကြိုးစားလို့ အောင်မြင်လာတဲ့ နိုင်ငံတွေရှိတယ်၊ ဥပမာဆိုရင် လာအို-ဖိလစ်ပိုင်-အရှေ့တီမော တွေဆိုရင် အောင်မြင်လာတာတွေ့နေရတယ်၊
အရင်တုန်းက သူတွေအသင်းတွေဟာ အိမ်ဖြည့်သဘောပဲရှိတာ၊ အခုတော့ အရင်ကအတိုင်းအတာနဲ့ ပြောင်းပြန်လှန်နိုင်တဲ့ အခြေနေမှာတစ်ခုမှာ သူတွေရောက်နေကြပါပြီ၊ ထိုင်း-ဗီယနမ်တို့ကို
အံတုနိုင်လာတယ်၊ သူတင်ကိုယ်တင် ကစားနိုင်လာပြီ၊ မြန်မာအသင်းရဲ့ကြိုစားအားထုပ်မှုက ဘယ်မှာလဲ၊ အရင်တုန်းက ငယ်နိုင်လို့ ပြောလို့ရတဲ့ အသင်းတွေကိုတောင် ခြေရည်တူမကစားနိုင်တဲ့
အခြေနေကိုရောက်လုနီးပြီးလို့ ကျွန်တော်တော့ဒီလိုပဲခံစားရတယ်ဗျာ၊ ဒီအတိုင်းသာဆက်သွားနေလို့ကတော့ နောက်ပိုင်းမှာ ဒီထက်ပိုဆိုးလာဖို့ပဲရှိတယ်၊
    အခြားနိုင်ငံတွေက သူတို့ကြိုးစားမှုတွေရဲ့အသီးအပွင့်တွေကို ခံစားနေရချိန်မှာ ကျွန်တော်တို့ မြန်မာရဲ့ကြိုစားအားထုပ်မှုက ဘာဖြစ်လို့ အတိုင်းအတာတစ်ခုဆီကိုမရောက်တာလဲဆိုရင်
ကြိုစားအားထုပ်မှု အားနည်းနေလို့ပဲဆိုတာ သိသင့်ပါတယ်၊ နည်းစနစ်မမှန်တာတွေ၊ ကြံခိုင်မှုအားနည်းနေတာတွေ၊ တစ်ကိုယ်ကောင်းဆန်တာတွေ ၊နောက်ပြီးတစ်ချိန်ကရွှေထီးဆောင်းခဲ့တာတွေ
ကို ပြန်လည်အသက်မသွင်းပဲ စမြုံ့ပြန်နေလို့ပဲ ကျွန်တော်တော့ ဒီလိုပဲမြင်မိပါတယ်။
    နောက်ကျွန်တော်အမြင်တစ်ခုရှိသေးတယ်၊ အဲဒါဘာလဲဆိုတော့ မြန်မာအသင်းဟာ ပြိုင်ပွဲကာလတွေမှာ ရှုံးတုန်းကပဲ ခနလောက်ခံစားပြပြီး၊ အဲဒီအရှုံးကိုဘယ်လိုပြန်ပြီးလက်စားချေမယ်
ဆိုတဲ့ မခံချင်စိတ်မထားတက်တာကလဲ အရှုံသံသရာထဲ ၀ဲလည်ဝဲလည်ဖြစ်နေတယ်လို့ ကျွန်တော်မြင်ပါတယ်။ မြန်မာအသင်းအောင်မြင်ဖို့ဆိုရင်တော့ လက်ရှိကလပ်အသင်းတွေမှာ ကန်နေတဲ့ ဘော
လုံးသမားအားလုံး တက်ညီလက်ညီနဲ့ အားကစားစိတ်ဓာတ်ပြည့်ဝစွာနဲ့ ကြိုးစားကြဖို့  လိုပါလိမ့်မယ်။မဆုပ်မနစ် ဇွဲ-လုံးလ-၀ီရိယလေးတွေကိုထည့်ပြီး ကြိုစားကြမှသာ တန်ရာကြမယ်၊ ကောက်ရိုးမီး
လို တဟန်ထိုးတောက်လောင်ပြီး ငြိမ်းသွားတာမျိုးမဖြစ်စေချင်ဘူး၊ အောင်မြင်တဲ့သူတွေကလဲ မိမိအရည်အချင်းတွေကို ပိုပိုပြီးထုပ်ပြဖို့-လျော့မသွားအောင် ကြိုစားဖို့ လိုမယ်၊ အောင်မြင်မှုမရသေး
တဲ့သူတွေကလဲ အမိမြန်မာပြည်အတွက် နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ ကစားသမားများဖြစ်အောင် ကြိုးစားအားထုပ်စေချင်ပါတယ်၊ ပြီးရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ကန်နေလို့ကတော့ ရေရှည်အလုပ်မ
ဖြစ်ဘူး၊ မြန်မာနေရှင်လိဂ်ဟာလည်းေ၇ရှည်မရပ်တည်နိုင်ပါဘူး။
    ရှုံးပွဲနဲ့ရင်ဆိုင်ရတိုင်း နည်းပြဖြစ်သူရဲ့အပြစ်ပဲလို့ မဆိုသာပါဘူး၊ နည်းပြတွေဆိုတာကလဲ သူတို့တက်နိုင်သလောက် ကြိုးစားပေးခဲ့တာပါပဲ၊ ဒီနည်းပြမကောင်းလို့ထုပ်-ဟိုနည်းပြထည့် ဒီလို
ပဲ နည်းပြတွေသာပြောင်းလဲသွားတာ မြန်မာအသင်းရဲ့ကစားပုံကတော့ နဂိုကထပ်မတိုးတက်တာဟာ ကစားသမားများ ပြိုင်ပွဲဝင်စိတ်ဓာတ်မပြန်းထန်လို့-ညံ့လို့ပဲလို့ခံယူရမှာပါ၊ ဒီလိုမညံ့အောင်ကြိုး
စားကြဖို့လိုနေပါပြီ။
    မကြာမီမှာ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး မြန်မာနိုင်ငံမှာ ကျင်းပပါတော့မယ်၊ ဒီပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်းအနေနဲ့ အောင်မြင်မှုရရှိတာကို ပြည်သူတရပ်လုံးအနေနဲ့
 မြင်ချင်နေကြတာပါ၊
နည်းပြတွေနဲ့ ကစားသမားများအားလုံး အောင်မြင်မှုကို ဆာလောင်နေတဲ့ အမိမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအတွက် ကြိုးစားပေးကြပါ၊ အမိမြန်မာနိုင်ငံရဲ့ဂုဏ်ကို မြှင်တင်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
    မြန်မာဘောလုံးအသင်း အရှေ့တောင်အာရှအားကစားပြိုင်ပွဲေ၇ွှမရတာအတော်လေးကိုကြာနေပါပြီ၊ လာမည့်ဆီဂိမ်းပြိုင်ပွဲမှာ ပြည်သူတရပ်လုံး မျှော်လင့်နေတယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ပါတယ်။
    မကြာသေးမီက မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ မာဒေးကားဖလားပြိုင်ပွဲမှာတော့ မြန်မာအသင်းအနေနဲ့ အထိုက်အလျောက်အောင်မြင်မှုရရှိခဲ့ပါတယ်လို့ ဆိုရမှာပါ၊ ဒီလိုအောင်မြင်မှုမျိုးကို
ကျမသွားအောင် ကစားသမားတွေရော နည်းပြတွေရော တာဝန်ရှိသူတွေအားလုံး ဆက်လက်ထိန်းသိမ်းပြီး ဒီထက်မက အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။
    မြန်မာဘောလုံးအသင်းအနေနဲ့ ရေရှည်အောင်မြင်ဖို့ဆိုရင် နေရှင်နယ်ကလပ်အသင်းတွေအနေနဲ့ ကိုယ်ပိုင်ဘောလုံးကွင်း အမြန်ဆုံးတည်ဆောက်နိုင်ဖို့ ကြိုးစားဖို့လိုပါတယ်၊ ဒါမှလဲ သူ့ပ
ရိသတ်၊ ကိုယ့်ပရိသတ်နဲ့ ပြိုင်ပြိုင်ဆိုင်ဆိုင်ဖြစ်လာမှာပါ၊ ကစားသမားတွေအနေနဲ့လဲ မိမိတို့ခြေစွမ်းကို ကျမသွားအောင် ဒီထက်မကတိုးတက်အောင် မြန်မာဂုဏ်ကိုမြင့်တင်နိုင်အောင် အမြဲတန်းအား
ုထုပ်ပေးကြပါ၊ မြန်မာနေရှင်နယ်လိဂ် ရေရှည်တည်တံ့ဖိုရင် မြန်မာလက်ရွေးစင်အသင်း
 အောင်မြင်မှုရရှိဖို့လိုပါလိမ့်မယ်။
    မြန်မာနေရှင်နယ်လိဂ်နဲ့ လက်ရွေးစင်အသင်းဟာ ဆက်စပ်မှုရှိနေပါတယ်၊ လက်ရွေးစင်အသင်းအောင်မြင်မှ မြန်မာနေရှင်နယ်လိဂ်အောင်မြင်မယ်၊ မြန်မာနေရှင်နယ်လိဂ်အောင်မြင်မှ
လက်ရွေးစင်အသင်းအောင်မြင်မယ်၊ ဒီနှစ်ခုဟာ လုံးဝခွဲခြားထားလို့မရပါဘူး၊ ဒီနှစ်ခုအောင်မြင်ဖို့အတွက် ကစားသမားတွေကော နည်းပြတွေပါ အရည်အသွေးပြည့်ဝဖို့လိုပါတယ်၊ တာဝန်ရှိသူတွေ
အနေနဲ့လည်း ၀ိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
    လာမယ့်ဆီဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့အနေနဲ့ ကြိုးစားပြင်ဆင်မှုတွေကို ကျွန်တော်တို့အနေနဲ့ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်၊ ဂုဏ်လဲယူပါတယ်၊ အားလဲကြပါတယ်။
ဒီအတိုင်းအမြဲကြိုးစားပေးပါ၊ မြန်မာဂုဏ်ကို အားကစားဖြင့်မြှင်တင်ပေးကြပါ။
    လာမယ့်ဆီဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့အနေနဲ့ အောင်မြင်မှုရရှိပါစေကြောင်းနှင့်
 မြန်မာ့အားကစားမှသည် ကမ္ဘာ့အားကစားဆီသို့ တက်လှမ်းနိုင်ပါစေကြောင်း ဆန္ဒပြုလျက်...

    17/9/2013

Sunday, September 15, 2013

အများအကျိုး

ကျွန်တော့်အနေနဲ့ ပထမဦးဆုံး ပြောချင်တာက ယ္ခုကျွန်တော်ရေးသားတဲ့အကြောင်းအရာသည် ကျွန်တော့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ရိုးသားစွာ ဖွင့်ဆိုခြင်းသာဖြစ်ပါတယ်။
ကျွန်တော်တင်ပြတဲ့ အကြောင်းအရာထဲမှာ အမှားများပါကောင်းပါနိုင်ပါတယ်.....ပါခဲ့ရင် ခွင့်လွှတ်နားလည်ပေးကြပါလို့ တောင်းပန်ပါတယ်ဗျာ..............
    ပထမအနေနဲ့ ကျွန်တော်တို့ဟာ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်မှာကြီးပြင်း၊ ဒီနိုင်ငံက ထွက်တဲ့ သယံဇာတတွေကို စားသုံးရင်း ကြီးပြင်းလာရခြင်းဖြစ်ပါတယ်.
ဒါကြောင့် ဒီနိုင်ငံဟာ ကျွန်တော်တို့အပေါ်မှာ ကျေးဇူးရှိပါတယ်၊ ဒီမြန်မာနိုင်ငံရဲ့ကျေးဇူးကို သိတက်ပြီး အမနိုင်ငံကို ချစ်ရမယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံကို ကမ္ဘာအလည်မှာ မြန်မာဆိုတဲ့ဂုဏ်ပုဒ်ကို ကမ္ဘာတည်သရွေ့ ၀ံဝံကြွားကြွားတည်ရှိစေဖို့ အမျိုးဂုဏ်ကို စောင့်တည်နိုင်ဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ကိုယ်စီရှိကြပါ
တယ်၊ ဒါဟာ ကျွန်တော်တို့အတွက် သမိုင်းပေးတာဝန်ဖြစ်ပါတယ်။

    ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာ မြန်မာ၊ မြန်မာ ဆိုတဲ့အသံဟာ ပဲ့တင်သံလို ဟိန်းထွက်နေရမယ်၊ ကျွန်တော်တို့တင်မကပါဘူး ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ သား၊ သမီးတွေမှာ
ပါ ဒီလိုနိုင်ငံကို ချစ်တက်တဲ့စိတ် အမြဲကိန်းအောင်းနေစေရမယ်၊ ကျွန်တော်တို့ နိုင်ငံကို
ကမ္ဘာ့နိုင်ငံတွေနဲ့တန်းတူ ရင်ဘောင်တန်းနိုင်အောင် ကျိုးစားရမယ်။

    လူဆိုတာ လူရယ်လို့ဖြစ်လာရင် ဘ၀ကို တန်ဖိုးရှိရှိ၊ အကျိုးရှိရှိ ဖြတ်သန်းဖို့လိုပါတယ်၊ လူဖြစ်ပြီး လူဖြစ်ရကျိုးမနပ်တာမျိုး မဖြစ်စေချင်ဘူး။ လူဆိုတဲ့ အဓိပ္ပါယ်ပြည့်ဝအောင် နေထိုင်ဖို့လိုပါ
တယ်။ လူ့ဘ၀ကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းဖို့ဆိုရင် အများအကျိုးကို ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် စွမ်းစွမ်းတမံ ထမ်းဆောင်မှသာလျင် အဓိပ္ပါယ်ရှိမှာပါ၊ အများအကျိုးဆိုတာ ပါတ်ဝန်းကျင်ရဲ့အကျိုး
၊ တိုင်းပြည်ရဲ့အကျိုး၊ အမျိုးဘာသာ သာသနာရဲ့အကျိုး ကို ဆိုလိုရင်းဖြစ်ပါတယ်။

    လူတစ်ယောက်ဟာ သားရေး၊ သမီးရေး၊ မိသားစုစားဝတ်နေရေးကိုပဲ ကြည့်ပြီး ငါဆိုတဲ့ အတ္တကိုစွဲကိုင်ကာ အများအကျိုးကို ဘာဆို ဘာမှလှည့်မကြည့်ဘဲ မိမိအရေးကိုသာဦးစားပေးပြီး
အချိန်ကုန်နေတဲ့လူဟာ လူဆိုတဲ့ အဓိပ္ပါယ် ဘယ်မှာရှိမှာလဲ? ဒီလူသေရင် ဘာဖြစ်မှာလဲ?၊
လူဆိုတဲ့ အဓိပ္ပါယ်ရှိဖို့ဆိုရင် အထက်ပါ ကျွန်တော်ပြောကြားခဲ့တဲ့အတိုင်း အများအကျိုးကို ဆံချည်တမျှဉ်၊ မြူတစ်မှုံလေးလောက်ပဲဖြစ်ဖြစ် ထမ်းဆောင်နိုင်ဖို့လိုပါတယ်။
ယ္ခု ကျွန်တော်တို့ နိုင်ငံအကျိုးအတွက် ကျရာကဏ္ဍကနေ စွမ်းစွမ်းတမံ ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလဲရှိပါတယ်။ သူတိုတွေဟာ မိမိအတွက် ဘာအကျိုးတစ်ခုမှ မမျှော်ကိုးပဲ နိုင့်ငံအကျိုး၊ ပြည့်သူ့
အကျိုးကိုသာ ဦးစားပေးဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော် အရမ်းပဲ လေးစားအားကျမိပါတယ်။

ကျွန်တော်တို့တွေလဲ  ထိုပုဂ္ဂိုလ်တွေလောက်မလုပ်ဆောင်နိုင်ရင်တောင်မှ နဲနဲလေးပဲဖြစ်ဖြစ် လုပ်ဆောင်ကြမယ်ဆိုရင် ဒီထက်မက ပိုကောင်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်။
နိုင်ငံတာဝန်ကို ကဏ္ဍအသီးသီးမှာ တာဝန်ယူ ထန်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်များအနေဖြင့်လဲ စိတ်ထားဖြူဖြူစင်စင် ရိုးရိုးသားသား ကျိုးကျိုးစားစားနဲ့ နိုင်ငံနဲ့လူမျိုး၊ အမျိုးဘာသာ သာသနာအကျိုး
ကိုသာရှေးရှု့ပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်စေချင်ပါတယ်။
ကျွန်တော်တို့အားလုံး အမိနိုင်ငံအကျိုးကို ကမ္ဘာ့အလည်မှာ ဂုဏ်သိက္ခာရှိရှိနဲ့ တည်တံ့စေဖို့ အားလုံးပါဝန်ထမ်းဆောင်ကြပါစို့ လို့ တိုက်တွန်းရင်း.....
နိုင်ငံအတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေကြသော ပုဂ္ဂိုလ်များကို ကဗျာတစ်ပုဒ်ဖြင့် ဂုဏ်ပြုရင်း ကျွန်တော့်ရဲ့စာကို နိဂုံးချုပ်ပါရစေ................
   
    ကောင်းကင်က ကြယ်တစ်စင်း
        လူ့ပြည်သို့ဆင်း
            ဘ၀လှေကိုစီး၊ အောင်ခရီးကိုဆက်
                အောင်ပင်ကိုပျိုး၊ အောင်ပင်ကိုစိုက်
        အောင်ပန်းတွေဝေ
            အများအကျိုးကို ရွက်သယ်ပိုး၊
                လင်းလက်လို့နေ။

Friday, September 13, 2013

ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ပရလောက သားများ ပူးကပ်မှု ဖြစ်ပွား

ပဲခူးမြို့မှ နာမည်ကြီး ကျောင်းတစ်ကျောင်းဖြစ်သည့် ယခင်နေရှင်နယ် ကျောင်း(ခေါ်)အမျိုးသား တန်းမြင့်ကျောင်း၊ ယခုအမှတ်(၃)အခြေံပညာ ကျောင်းကြီးတွင်(၆.၉.၂၀၁၃)နေ့နှင့်(၇.၉.၂၀၁၃)နေ့ညက အဌမတန်း (C)မှကျောင်းသူ(၃)ဦးသည် စာသင်ချိန်၌ ပရလောကသား သရဲများဝင် ပူးကပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ၄င်းသတင်းသည် ပဲခူးတစ်မြို့လုံး ပျံ့နှံ့သွားခဲ့သည်။

ဖြစ်ပွားပုံမှာ ပထမနေ့(၆)ရက်နေ့၌ ကျောင်းသူ(၃)ဦး ပူးကပ်ခံရခြင်းဖြစ်ပြီး၊ ဒုတိယနေ့(၇)ရက်နေ့မှာလည်း ၄င်းကျောင်းသူ(၃)ဦးကိုသာ ပရလောက သားများက ထပ်မံဝင်ပူးခြင်း ဖြစ်သည်ကို တွေ့ရသည်။

လက်ရှိကျောင်းအုပ် ဆရာမကြီးသည် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ယခင်အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးများအား ဖိတ်ကြား၍ အကြံအဥာဏ်များ တောင်းခံပြီး၊ ပဲခူးမြို့ မဟာပဒုမစာသင်တိုက်မှ ပဓါန နာယကဆရာတော်အားပင့်ဖိတ် ၍ မေတ္တာသုတ်ပရိတ်တော်၊ပဌာန်းဒေသနာတော်နှင့်ဥတ်ကမ္မ၀ါများရွတ်ဖတ် ပြီး ဆရာတော်က ပရလောက သားများပူးနေသည့် ကျောင်းသူများကိုမေးမြန်း
ခဲ့သည်။

၎င်းကျောင်းသူ(၃)ဦးမှ ပြောပြရာတွင် ပူးကပ်သူ(၃)ဦးတွင် မိန်းကလေး(၂)ဦးနှင့်ယောက်ကျားလေး(၁)ဦးဖြစ်ကြောင်း၊(၁)ဦးက အဌမတန်းအခန်းရှေ့ ဗာဒံပင်တွင်နေ၍(၁)ဦးက ငွေရတုဆောင်၊ အုတ်ကန်တွင်နေကြောင်း၊(၁)ဦးက ကျောင်းအနီး ကုက္ကိုပင်ကြီးတွင် နေထိုင်ကြောင်း လူစားလဲပြီးမှ ကျွတ်မှာဖြစ်ကြောင်း၊ အမှတ်(၃)ကျောင်း ကြီးကို ခင်တွယ်နေကြောင်း၊ ပူးကပ်ခံရသောကျောင်းသူ(၃)ဦးမှပြောသည်။

ဆက်လက်၍ ဆရာတော်ကမေတ္တာပို့အမျှဝေစေကာ အမှတ်(၃)ကျောင်းမှထွက်သွားရန်၊အမိန့်ပြန်တမ်းထုတ်ပြန်လိုက်ရာ ပရလောကသားများ ၀င်ပူးနေသော ကျောင်းသူ(၃)ဦးသည် အချိန်အတန်ကြာ ကြမ်းပြင်တွင်လူးလှိမ့်ငိုယိုကာ နောက်ဆုံးတွင် အကောင်းပကတိ ဖြစ်သွားကြသည်ကို မြင်တွေ့ရကြောင်း၎င်းသတင်းသည်ြမို့နေ ပြည်သူများထံပျံ့နှံ့သွားပြီး လူပြောသူပြောများ နေကြောင်း သိရှိရသည်။

အလင်းရောင်း
by Myanmar News Now

burmese.voanews.com

အေးချမ်းမွန် Credit To >ခေတ်သတင်း < Thanks
Re-posted By ACM 14-9-2013
https://www.facebook.com/excellencemedia